Medical Check-up Unit

GOLD CHECK-UP (အသက်အရွယ်လိုက်အထူးကျန်းမာရေးစစ်ဆေးခြင်း)

အသက်(၃၀)နှစ် မှ (၄၅) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက်

ဗဟိုရ်စည်ဆေးရုံကြီး၏  Medical Check-Up Unit တွင် အသက်(၃၀)နှစ် မှ (၄၅) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက် Gold Package များဖြင့် စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ ကျွမ်းကျင်သော အထူးကုဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါသည်။ 

SILVER CHECK-UP (အသက်အရွယ်လိုက်အထူးကျန်းမာရေးစစ်ဆေးခြင်း)

အသက်(၁၄)နှစ် မှ (၃၀) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက်

ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင်  အသက်(၁၄)နှစ် မှ (၃၀) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက် Silver Package များဖြင့်စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။

DIAMOND CHECK-UP (အသက်အရွယ်လိုက်အထူးကျန်းမာရေးစစ်ဆေးခြင်း)

အသက်(၄၅)နှစ်အထက်အမျိုးသား၊ အမျိုးသမီးများအတွက်

ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင်  အသက်(၄၅)နှစ် အထက်အမျိုးသား၊ အမျိုးသမီးများအတွက် Diamond Package များဖြင့် စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါသည်။ Medical Check-Up ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရောဂါအခြေ အနေများကို သိရှိနိုင်ပြီး ထိုသို့သိရှိပြီးပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

POST COVID CHECK-UP (ကိုဗစ်ဖြစ်ပြီးသားသူများအတွက် ကျန်းမာရေးစစ်ဆေးခြင်း)

Covid Positive ဖြစ်ပြီးသောသူများအတွက် မိမိတို့၏ ကျန်းမာရေးကို ယခင်ထက် ပိုဂရုစိုက်နိုင်ဖို့ အထွေထွေကျန်းမာရေး အခြေအနေနှင့် ကိုယ်ခန္ခာ အတွင်းရှိ အင်္ဂါများ၏ ကောင်းမွန်မှု အခြေအနေကို သိရှိနိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံ၏ Post Covid Medical Check-Up Package များနှင့် မိတ်ဆက်ပေးချင်ပါသည်။ Covid 19 ရောဂါခံစားခဲ့ရသောလူနာများသည် မိမိတို့၏ ကိုယ်ခံအားစွမ်းရည် နှင့်ရောဂါထိခိုက်ခံစားရမှု အနည်းအများ ပေါ်မူတည်၍ မိမိကြိုက်နှစ်သက်ရာ Package ကိုရွေးချယ် ဝယ်ယူနိုင်ပြီး ရရှိတဲ့ အဖြေပေါ်မူတည်ပြီးလည်း လမ်းညွှန်မှုပေးသွားမှာဖြစ်လို့ အမှန်တကယ် အကျိုးရှိမှာသေချာပါသည်။ 

VIRAL SCREENING CHACK-UP (ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုး ရှိ/မရှိစစ်ဆေးခြင်း)

Viral screening ပြုလုပ်ခြင်းဖြင့် မိမိတွင် အသည်းရောင် အသားဝါ ရောဂါရှိမရှိ ကြိုတင်သိရှိပြီး စောစီးစွာ ကြိုတင်ကာကွယ်နိုင်ခြင်းဖြင့် ရောဂါကူးစက်နှုန်း လျော့ချနိုင်ပြီး ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ 

PRE-EMPLOYMENT CHECK-UP (အလုပ်မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း)

လုပ်ငန်းခွင်မဝင်မီ  ကျန်းမာရေးဆေးစစ်ဖို့ လိုအပ်နေသော အစ်ကို အစ်မ များနှင့် လုပ်ငန်းရှင်ကြီးများ၏ ဝန်ထမ်းများ အထွေထွေကျန်းမာရေးအတွက် Pre-Employment Check-up Package(A) နှင့် Pre-Employment Check-up Package(B) တို့ဖြင့်ကျန်းမာရေးကို ကြိုတင်စစ်ဆေးပေးနေပါသည်။

FOOD HANDLER CHECK-UP (အစားသောက်ကိုင်တွယ်ချက်ပြုတ်သူများအတွက် ကျန်းမာရေးစစ်ဆေးမှု)

အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးသည် အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ အစားစာပြင်ဆင်သူများ၊ အစားအစာစီမံခန့်ခွဲသော သူများအတွက် ကူးစက်ရောဂါများ မဖြစ်ပေါ်စေရန်နှင့် အစားအစာဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ 

PRE-OPERATIVE CHECK-UP (ခွဲစိတ်ခြင်းမပြုလုပ်မီ အခြေခံကျန်းမာရေးစစ်ဆေးခြင်း)

မိဘပြည်သူများအနေဖြင့် ခွဲစိတ်မှုမတိုင်မီ မိမိကျန်းမာရေးအခြေအနေများကို (Pre-Operative Check-Up) စစ်ဆေးပြုလုပ်ခြင်းဖြင့် ခွဲစိတ်မှု သင့်တော်မတော် စသည့်အခြေအနေများကို ကြိုတင်သိရှိနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ 

PRE-WEDDING CHECK-UP (မင်္ဂလာမောင်နှံများအတွက်ကျန်းမာရေး အထူးစစ်ဆေးခြင်း)

လက်မထပ်မီ ကိုယ့်အိမ်ထောင်ဖက်ချစ်သူ၏ ကျန်းမာရေးကိုစစ်ဆေးပေးခြင်းဖြင့်  ကြည်နူးစရာကောင်းသောဘဝများ ကိုယ်စီပိုင်ဆိုင်နိုင်ကြစေရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် လက်မထက်မီ ကျန်းမာရေး ကြိုတင်စစ်ဆေးနိုင်သည် (Pre-Wedding Check-Up)အတွက် ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ အကောင်းဆုံး စစ်ဆေး ဆောင်ရွက်ပေးနေပါသည်။

PRE-PREGNANCY CHECK-UP (ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးစစ်ဆေးခြင်း)

ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ပြီး လအနည်းငယ်ကတည်းက အစီစဉ်စွဲထားသောအမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်ခြင်း မပြုမီ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း မိမိကျန်းမာရေးကို ကြိုတင်စစ်ဆေးဖြင့် မိခင်နှင့် ကလေးနှစ်ဦးစလုံးအတွက် မလိုလားအပ်သောရောဂါဝေဒနာများ မဖြစ်ပေါ်လာနိုင်ရန်အတွက်လည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။  

KID’S WELLNESS CHECK-UP (ကလေးကျန်းမာရေး စစ်ဆေးခြင်း)

ကလေးများအတွက် သင့်လျော်သောကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရန်နှင့် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ရန်၊ ကူးစက်တတ်သောရောဂါများကို မဖြစ်ပေါ်စေရန်နှင့် ကြိုတင်သိရှိပြီး ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရန်အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပါသည်။ 

GENERAL CHECK-UP (အထွေထွေစစ်ဆေးခြင်း)

မိဘပြည်သူများ၏ ကျန်းမာရေး အမြဲထာဝစဉ် ကောင်းမွန်စေရန်အတွက်  မိမိအသက်အရွယ်၊ မိသားစုရာဇဝင်နှင့် မိမိနေထိုင်မှု ပုံစံပေါ်မူတည်ပြီး အနည်းဆုံး (၆)လ တစ်ကြိမ် (သို့မဟုတ်) (၁)နှစ်တစ်ကြိမ်  ကျန်းမာရေးကို ကြိုတင်ပုံမှန်စစ်ဆေးသင့်ပါသည်။  ကျန်းမာရေးပြဿနာ၏ အစောပိုင်းရောဂါလက္ခဏာများကို ခွဲခြားသိမြင်နိုင်မှာဖြစ်ပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မှာဖြစ်ပါသည်။

CANCER CHECK-UP MALE (ကင်ဆာရှိ/မရှိစစ်ဆေးခြင်းအမျိုးသား)

ဗဟိုရ်စည်ဆေးရုံကြီးတွင် အမျိုးသားများအတွက် ကင်ဆာ ရှိ/မရှိ စစ်ဆေးတိုင်းတာခြင်းကို ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ခေတ်မီစက်ကိရိယာကြီးများကို အသုံးပြု၍ အကောင်းဆုံး ဝန်ဆောင်မှုပေးကာ ရောဂါ၏ အစောဆုံးအဆင့်၊ ရောဂါအခြေအနေတွေကို ကြိုတင်သိရှိနိုင်ရန် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။ 

CANCER CHECK-UP FEMALE (ကင်ဆာရှိ/မရှိစစ်ဆေးခြင်းအမျိုးသမီး)

ဗဟိုရ်စည်ဆေးရုံကြီးတွင် အမျိုးသမီးများအတွက် ကင်ဆာရှိ/မရှိ စစ်ဆေးတိုင်းတာခြင်းကိုကျွမ်း ကျင်သောဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ခေတ်မီစက်ကိရိယာကြီးများကိုအသုံးပြုကာ အကောင်းဆုံးဝန်ဆောင်မှုပေးကာ ရောဂါရဲ့အစောဆုံးအဆင့်၊ ရောဂါအခြေအနေတွေကို ကြိုတင်သိရှိနိုင်ရန် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။ 

SMOKER HEALTH CHECK-UP (ဆေးလိပ်သောက်သူ ကျန်းမာရေးစစ်ဆေးခြင်း)

ဆေးလိပ်သောက်ခြင်းသည် မိမိကိုယ်သာမက မိမိပတ်ဝန်းကျင်ရှိ သူများအတွက်ပါ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပြီး  ဆေးလိပ်သောက်သောသူများအနေဖြင့် မိမိခန္ဓာကိုယ်ရှိ ကျန်းမာရေးအခြေအနေများကို ကြိုတင်သိရှိနိုင်ရန်နှင့် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟိုစည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် (Smoker’s Health Check-Up Package)များကို ကျွမ်းကျင်သော ဆရာဝန် ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကို အသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောက်ရွက်ပေးနေပါသည်။

HEALTHY WEIGHT CHECK-UP (ကျန်းမာသောကိုယ်အလေးချိန်အတွက်စစ်ဆေးခြင်း)

ကျန်းမာသောကိုယ်အလေးချိန်သည် ကျန်းမာသောဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းထားရန်နှင့် ရောဂါဘယများ ကင်းဝေးစေရန် အရေးကြီးဆုံးဖြစ်ပါသည်။ ထိုသို့ ကျန်းမာသောကိုယ်အလေးချိန်ကို သိရှိနိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Healthy Weight Check-Up Package များကို ခေတ်မီစက်ကိရိယာများ ကျွမ်းကျင်သော ဆရာဝန်ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

BONE WELLNESS CHECK-UP (အရိုးကျန်းမာရေး စစ်ဆေးခြင်း)

မည်သည့် အသက်အရွယ်တွင်မဆို အရိုးသိပ်သည်းမှုနည်းခြင်းသည် ရိုးဆက်ရောင်ရမ်းနာကဲ့သို့သော အခြေအနေများနှင့်အတူ အရိုးကျိုးခြင်း အခြေအနေများကိုပါဖြစ်ပေါ်စေနိုင်ပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးကျန်းမာကြောင်းသေချာစေရန် အရိုးသိပ်သည်းဆ စမ်းသပ်မှုများ မကြာခဏပြုလုပ်ရန်လိုအပ်ပါသည်။  ထို့ကြောင့်  အရိုးကျန်းမာရေးအတွက် ကြိုတင်သိရှိပြီး ကာကွယ်မှုများပြုလုပ်နိုင်ရန် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Bone Wellness Check-Up Package များဖြင့် စစ်ဆေးပေးနေပါသည်။ 

HEALTHY HEART CHECK-UP (နှလုံးကျန်းမာရေး စစ်ဆေးခြင်း)

နှလုံးရောဂါဆိုသည်မှာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သော ရောဂါဝေဒနာတစ်မျိုးဖြစ်ပြီး လူကြီးများတွင်သာမက၊ ကလေးများတွင်လည်း ဖြစ်တက်ကာ ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါ တစ်ခုဖြစ်ပါသည်။ ရောဂါကို စောစောမသိ၍ အချိန်မီ မကုသနိုင်ခြင်းကြောင့် ရုတ်တရက် နှလုံးရပ်ခြင်းနှင့် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်မှာဖြစ်ပြီး ကြိုတင်သိရှိ၍ ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ကျွမ်းကျင်သော ဆရာဝန်ဆရာမများ နှင့်ကျန်းမာရေးဝန်ထမ်းများက ခေတ်မီ စက်ကိရိယာများကိုအသုံးပြု၍ (Healthy Heart Medical Check-Up Package) ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

DIABETES CARE CHECK-UP (ဆီးချိုသွေးချိုကျန်းမာရေး စစ်ဆေးခြင်း)

ကမ္ဘာပေါ်တွင် အဖြစ်များဆုံးရောဂါများထဲမှာ ဆီးချိုသွေးချိုရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။  ဆီးချိုသွေးချိုရောဂါသည် အသက်အရွယ်မရွေး အချိန်အခါမရွေးဖြစ်ပွါးတတ်သောကြောင့် လုံးဝ မပေါ့ဆသင့်သော ရောဂါတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် Diabetes Check-Up Package စစ်ဆေးခြင်းကိုသင့်တင့်သောနှုန်းထားများဖြင့် အဖြေများကို အကောင်းမွန်ဆုံး စစ်ဆေးဆောင်ရွက်ပေးလျက် ရှိပါသည်ခင်ဗျာ။

HEALTHY KIDNEY CHECK-UP (ကျောက်ကပ်ကျန်းမာရေး စစ်ဆေးခြင်း)

လူတစ်ယောက် ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်ရန်အတွက် ကျောက်ကပ်ကျန်းမာရေးသည် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါသည်။ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်မလုပ်သောအခါတွင် ကျောက်ကပ်ပျက်စီးခြင်း (kidney failure)၊ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း (Chronic renal failure) များဖြစ်လာ၍ ကျောက်ကပ် ဆေးရသည်အထိ ဖြစ်လာနိုင်ပြီး လူကိုပါသေစေနိုင်ပါသည်။ ထိုသို့သောရောဂါအခြေအနေများ မဖြစ်ပေါ်လာရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင်‌ Healthy Kidney Medical Check-up Package ဖြင့် ခေတ်မီစက်ကိရိယာများကို အသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

CHRONIC PAIN CHECK-UP (နာတာရှည်နာကျင်မှုအတွက်ကျန်းမာရေးစစ်ဆေးခြင်း)

နာတာရှည်နာကျင်မှုများသည် (၃)လ မှ (၆)လ (သို့မဟုတ်) ထိုထက်မက ကြာတတ်ပြီး ထိုသို့သောနာကျင်မှုများခံစားရလျှင် ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းများ တစ်စုံတစ်ရာယိုယွင်းမှု (အခြားရောဂါလက္ခဏာများ) ဖြစ်နိုင်ခြေရှိသောကြောင့် အမြန်ဆုံး ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကုသသင့်ပါသည်။ ထိုကြောင့် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် ခန္ဓာကိုယ်နာကျင်ရခြင်းအကြောင်းများကို သိရှိစေရန် (Chronic Pain Medical Check-Up Package) ဖြင့်ကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

SLEEP DISORDER CHECK-UP (အိပ်မပျော်ခြင်းအတွက်ကျန်းမာရေးစစ်ဆေးခြင်း)

ညဘက်အိပ်မပျော်ခြင်း၊ အိပ်မရခြင်းများသည် ယနေ့ခေတ်လူကြီးများတွင်သာမက လူငယ်များတွင်ပါ အဖြစ်များနေသော ရောဂါတစ်မျိုးဖြစ်ပါသည်။ အိပ်ရေပျက်များလာခြင်း၊ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းတို့ကြောင့် ခန္ဓာကိုယ်ရှိ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်များ ယိုယွင်းလာနိုင်ပြီး အခြားမလိုလားအပ်သောရောဂါများ ဖြစ်လာနိုင်ပါသည်။ ထိုသို့သော ရောဂါအခြေအနေများ မဖြစ်ပေါ်လာနိုင်ရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-UP ဌာနတွင် (Sleep Disorder Check-Up Package) ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

CHRONIC WEAKNESS CHECK-UP (နာတာရှည်အားနည်းခြင်းအတွက် စစ်ဆေးခြင်း)

နာတာရှည်အားနည်းခြင်းရောဂါလက္ခဏာများသည် လူတစ်ဦးနှင့် တစ်ဦးကွဲပြားနိုင်ပြီး မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်ကာ ရောဂါလက္ခဏာ၏ ပြင်းထန်မှုမှာလည်း ကွဲပြားခြားနားနိုင်ပါသည်။  ထိုသို့သော နာတာရှည်အားနည်းခြင်း ရောဂါများမဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Chronic Weakness Check-Up Package ဖြင့် ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ အကောင်းဆုံးစစ်ဆေးဆောင်ရွက်ပေးနေပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”